Best Areas to Buy Condos in Bangkok for Myanmar Investors
ဘန်ကောက်မြို့ရှိ အိမ်ခြံမြေစျေးကွက်ဟာဆိုရင်တော့ မြန်မာနိုင်ငံသားများအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများကို ပေးစွမ်းနိုင်တဲ့ နယ်ပယ်တစ်ခု ဖြစ်လာတာကတော့ အသိသာပါပဲ။ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံသားများက ဘန်ကောက်မြို့ရှိ ကွန်ဒိုများတွင် ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးလုပ်လာကြတာပဲဖြစ်ပါတယ်။
________________________________________
Best Area to Buy Condominium in Bangkok
1. Sukhumvit: A Luxury Haven for Expat-Friendly Living
Sukhumvit Area ကတော့ Luxury Condo များအတွက် နာမည်ကြီးသောနေရာတစ်ခုဖြစ်ပြီး Expat များနှင့် မြန်မာလူမျိုးများ အများအပြား ရွေးချယ်သောနေရာတစ်ခုလည်းဖြစ်ပါတယ်။
အဓိကအားသာချက်ကတော့
- BTS ရထားလိုင်းနီးခြင်း
- Terminal 21, EmQuartier စသည့် Shopping Zones ဖြစ်နေခြင်း
- စားသောက်ဆိုင်များနှင့် နိုင်ငံတကာကျောင်းများလည်းတည်ရှိခြင်း တို့ပဲဖြစ်ပါတယ်ရှင့်။
- Asoke, Thonglor နှင့် Ekkamai: Luxury Condo ဝယ်ရန် အကောင်းဆုံးနေရာများဖြစ်ပြီးတော့
- Phrom Phong: မိသားစုများနှင့် နေရာကောင်းအတွက် အထူးသင့်တော်ပါတယ်ရှင့်။
________________________________________
2. Silom-Sathorn: Bangkok's Financial Hub
Silom-Sathorn သည် ဘန်ကောက်မြို့၏ စီးပွားရေးနှင့် ဘဏ္ဍာရေး Hub ဖြစ်ပြီး Rental Demand မြင့်မားသောနေရာတစ်ခုဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့
- BTS နှင့် MRT ရထားလိုင်းများတည်ရှိခြင်းကြောင့် သွားလာရလွယ်ကူခြင်း
- Lumpini Park စသည့် မိသားစုများအတွက် သဘာဝလှပသော နေရာများလည်းရှိနေခြင်းတို့ပဲဖြစ်ပါတယ်။
________________________________________
3. Rama 9: The New CBD of Bangkok
Rama 9 သည် New CBD (Central Business District) အဖြစ် မြန်မာရင်းနှီးမြှုပ်နှံသူများကြားမှာ နာမည်ကျော်ကြားနေတာပဲဖြစ်ပါတယ်။
ထူးခြားချက်များကတော့
- Grand Rama 9 Tower ရော Stock Exchange Tower နှင့်နီးခြင်း
- Modern Mixed-Use Development Condo များစွာတည်ရှိခြင်း
- ရထားလိုင်းများ (MRT stations) နှင့် အဆင်ပြေသော သွားလာရေးရှိခြင်းတို့ပဲဖြစ်ပါတယ်။
________________________________________
4. Bang Na: Affordable Growth Potential
Bang Na သည် Affordability (စျေးနှုန်းသင့်တင့်မှု) နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှိသောနေရာပဲဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့
- Suvarnabhumi လေဆိပ်နှင့် နီးခြင်း
- Bangkok International Trade and Exhibition Centre တို့ရှိခြင်း
- စျေးနှုန်းသက်သာသော Condo များစွာရှိခြင်းတို့ပဲဖြစ်ပါတယ်။
________________________________________
5. Ari: A Charming Blend of Modern and Traditional
Ari ကတော့ စိတ်အေးချမ်းပြီး စျေးနှုန်းသင့်တင့်သောနေရာဖြစ်ပါတယ်။ သူကတော့ coffee ဆိုင်များနှင့် အေးချမ်းတဲ့ ပတ်ဝန်းကျင်ကြောင့်လူသိများကြပါတယ်။
ထူးခြားချက်များအနေနဲ့
- BTS Ari Station နှင့်နီးခြင်း
- သင့်တင့်သောစျေးနှုန်းနှင့် နေချင်စဖွယ် ပတ်ဝန်းကျင်ရှိခြင်းတို့ပဲ ဖြစ်ပါတယ်။
________________________________________
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဘာကြောင့် ဘန်ကောက်ကို ရွေးချယ်ကြသလဲ
- Close to Myanmar: ဘန်ကောက်မြို့က မြန်မာနိုင်ငံနှင့် နီးကပ်ပြီး သွားလာရလွယ်ကူပြီး ခရီးသွားခြင်းနှင့် စီမံခန့်ခွဲဖို့အတွက်လည်းလွယ်ကူတာကြောင့်ဖြစ်ပါတယ်။
- Stable Market: ထိုင်းနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ချလုံခြုံသော နေရာဖြစ်လာတာပဲဖြစ်ပါတယ်။
- Foreign Ownership Rules : မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတွင် Condo များကို တရားဝင်ပိုင်ဆိုင်ခွင့် ရရှိနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များကို အဆင်ပြေစေပါတယ်။
- အငှားအမြတ်နှုန်းမြင့်မားမှု: Sukhumvit နှင့် Silom ကဲ့သို့ နေရာများတွင် အငှားအမြတ်နှုန်း ၄% မှ ၆% အထိ ရရှိနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်ကောင်းများ ရရှိတာပဲဖြစ်ပါတယ်။
Tips for Myanmar Investors
✔️ Developer များကို သေချာလေ့လာရန်: Sansiri, Pruksa, Supalai ကဲ့သို့ သင့်တော်သော Developer များကို ရွေးချယ်ပါ။ အရည်အသွေးကို အာမခံပေးနိုင်းတဲ့ Developer ကိုရွေးချယ်ဖို့လိုပါတယ်။
✔️ Transportation အပေါ် ဦးတည်ရန်: BTS နှင့် MRT နီးသော Condo များက Rental Demand မြင့်ကာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးတက်စေနိုင်ပါတယ်။
✔️ Legalities များကို စိစစ်ရန်: နိုင်ငံခြားသားများ၏ ပိုင်ဆိုင်ခွင့်နှင့် သက်ဆိုင်သော ထိုင်းနိုင်ငံဥပဒေများကို သိရှိနားလည်ထားရန်လည်းလိုအပ်ပါတယ်ရှင့်။
သင့်ရင်းနှီးမြှုပ်နှံမှုကို စတင်လိုက်ပါ
ဘန်ကောက်မြို့ရှိ ကွန်ဒိုများမှာ ရင်းနှီးမြှုပ်နှံတာကတော့ မြန်မာနိုင်ငံသားများအတွက် စိတ်ချလုံခြုံရပြီး အကျိုးအမြတ်များရရှိစေနိုင်တဲ့ အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။
Developer များနှင့် ဆက်သွယ်ရန် အခုပဲ နည်းလမ်းရှာဖွေလိုက်ပါ။