Top 10 Developers in Bangkok that Myanmar People should invest

ထိုင်းနိုင်ငံရှိ Top 10 Developer များ - အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအတွက် ထိပ်တန်းရွေးချယ်မှုများ

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေစျေးကွက်ကတော့ မြန်မာနိုင်ငံသားများအတွက် အခွင့်အလမ်းကောင်းများကို ပေးစွမ်းနိုင်တဲ့ စျေးကွက်တစ်ခုပဲဖြစ်ပါတယ်။ 

သင့်အနေနဲ့လည်း ထိုင်းနိုင်ငံရဲ့ real estate မှာ ရင်းနှီးမြုပ်နှံမှုလုပ်တော့မယ်ဆိုရင်တော့ Top 10 Real Estate Developer in Thailand ကိုသိထားဖို့လိုပါတယ်ရှင့်။

အဲ့တာကြောင့် Myanmar လူမျိုး ရင်းနှီးမြှုပ်နှံချင်သူတွေကို မှန်ကန်ပြီး အကျိုးအမြတ်ရှိတဲ့ investment တွေလုပ်နိုင်ဖို့အတွက် Top 10 Developer လေး​​ တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်ရှင့်။

1. Sansiri Public Company Limited

About: Sansiri သည် ထိုင်းနိုင်ငံရှိ Developer များထဲမှ နာမည်အကြီးဆုံးဖြစ်ပြီး Luxury Condo, Townhouse, Detached Houses စသည့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအမျိုးအစားများကို မိတ်ဆက်ပေးလျက်ရှိပါတယ်။

နာမည်​ကြီး ပရောဂျက်များ ကတော့ The Monument Thonglor, XT Ekkamai, D Condo Series တို့ပဲဖြစ်ပါတယ်။

2. Pruksa Real Estate Public Company Limited

About: Pruksa သည် စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးမထိခိုက်ဘဲ အိမ်ခြံမြေများကို ဖန်တီးပေးနေတဲ့ developer ပဲဖြစ်ပါတယ်။

The Privacy Rama 9, Plum Condo Bangyai Station, Chapter One Eco တို့ကတော့ Pruksa ရဲ့ လူသိများတဲ့ project လေးတွေဖြစ်ပါတယ်။

3. Supalai Public Company Limited

About: Supalai သည် မြန်မာလူမျိုးများအပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ချရသော Developer ဖြစ်ပြီး ထိရောက်မှုမြင့်မားသော Property Quality ၊ reasonable price နှင့် responsible management တို့ဖြင့် အထူးကျော်ကြားပါတယ်။ Supalai ရဲ့ ပရောဂျက်များ၏ စီမံဆောင်ရွက်မှု Transparency ရှိခြင်း နှင့် စွမ်းအင်ထိရောက်မှုရှိသော ဖန်တီးမှုများအတွက် နာမည်ရရှိထားတာပဲ ဖြစ်ပါတယ်။

နာမည်ကြီးသော Project များ ကတော့ Supalai Icon Sathorn, Supalai Oriental Sukhumvit 39 နှင့် Supalai Veranda Rama 9 တို့ပဲ ဖြစ်ပါတယ်။

4. AP (Thailand) Public Company Limited

About: AP Thailand သည် Mitsubishi Estate နှင့် ပူးပေါင်းမှုဖြင့် မိသားစုနှင့် လူငယ်များအတွက် အထူး Design ပြုလုပ်ထားသော Living Solutions များကို ဖန်တီးပေးနေတာပဲ ဖြစ်ပါတယ်။

AP ရဲ့ နာမည်ကြီးသော ပရောဂျက်များကတော့ Life Asoke Hype, Aspire Sathorn-Taksin, Vittorio Sukhumvit 39 စသည် တို့ ပါဝင်ပါတယ်။

5. Origin Property Public Company Limited

About: Origin Property သည် Transportation Hub များနှင့် နီးကပ်သောနေရာများတွင် အရည်အသွေးမြင့် Condo များကို ဖန်တီးထားသောကြောင့် ရင်းနှီးမြှုပ်နှံသူများကြား နာမည်ကြီးနေရခြင်းဖြစ်ပါတယ်

Knightsbridge Prime Sathorn, The Origin E22 Station, Notting Hill Sukhumvit 105 တို့သည် Origin Property ၏ နာမည်ကြီးသော project များဖြစ်ပါတယ်။

6. Raimon Land Public Company Limited

About: Raimon Land သည် Luxury Development အတွက် အထူးကုဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကြားတွင် နာမည်ကျော်တစ်ဦးဖြစ်သည်။

အထင်ကရ ပရောဂျက်များမှာ The Lofts Silom, The River Bangkok, Tait 12 တို့ဖြစ်ပါတယ်.

7. Land and Houses Public Company Limited

About: Land and Houses သည် အိမ်ခြံမြေစီမံကိန်းအမျိုးမျိုးကို ရောင်းချသည့် စျေးကွက်ထဲရှိ အထင်ကရ Developer တစ်ဦးဖြစ်သည်။

The Key Sathorn-Ratchapruek, Mantana Bangna-Wongwaen, Villaggio Srinakarin တို့သည် Land and Houses PCL ၏ နာမည်ကြီးသော project များဖြစ်ပါတယ်။

8. Ananda Development Public Company Limited

About: Ananda သည် Urban Living Solutions များအတွက် ထိပ်တန်း Design များနှင့် တစ်နေရာတည်းကနေ အခြားနေရာများကို လွယ်ကူစွာ ချိတ်ဆက်နိုင်သော ဆောက်လုပ်မှုများကို တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။

Ideo Mobi Asoke, Ideo Sukhumvit 93, Ashton Chula-Silom တို့ကတော့ Ananda Development PCL ၏ နာမည်ကြီး project များပဲဖြစ်ပါတယ်။

9. SC Asset Corporation Public Company Limited

About: SC Asset သည် Smart Home Technology နှင့် Modern Designs များကြောင့် ထိပ်တန်း Developers တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရခြင်းဖြစ်ပါတယ်။

Beatniq Sukhumvit 32, Chambers On Nut Station, Grand Bangkok Boulevard တိူ့ကတော့သူ၏ နာမည်ကြီး project တွေပဲဖြစ်ပါတယ်။

10. Noble Development Public Company Limited

About: Noble သည် Contemporary Design နှင့် Premium Condo များဖန်တီးမှုအတွက် နာမည်ကျော် Developer တစ်ဦးဖြစ်ပါတယ်ရှင့်။

Noble BE19, Noble Ploenchit, Noble Recole တို့သည် သူ၏ နာမည်ကြီးသော project တွေပဲဖြစ်ပါတယ်။


Benefits of making Investment in Thailand Property

  1. Rental Yield မြင့်မားမှု: Bangkok ရှိ အိမ်ခြံမြေများသည် Rental Yield 4% မှ 6% အထိရှိပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်အစွန်းများ ရရှိစေပါတယ်။
  2. Tourism နှင့် Expat များ၏လိုအပ်ချက်များ: ခရီးသွားနှင့် နိုင်ငံခြားသားများ၏ အမြဲတမ်းလိုအပ်မှုကြောင့် Rental Properties အတွက် အခွင့်အလမ်းများများစွာ ရှိနေပါတယ်။
  3. စျေးနှုန်းချိုသာမှု: Singapore, Hong Kong နှင့်ယှဉ်လျှင် ထိုင်းနိုင်ငံ၏ အိမ်ခြံမြေစျေးနှုန်းများသည် သက်သာပြီး တန်ဖိုးတိုးတက်မှုရှိနေတာကိုလည်းတွေ့မြင်နိုင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ Top 10 Developer များမှ စီမံဖန်တီးထားသည့် ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကောင်းမွန်သော အခွင့်အလမ်းများကို အမြတ်အစွန်း နှင့်တကွ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း developer တွေရဲ့ High Quality Project များကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် သေချာတဲ့ အကျိုးအမြတ် ခံစားခွင့်များကို ရယူနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ကောင်းမွန်သော customer service၊ အဆင့်မြင့်သော facilities များနှင့် ထူးခြားသစ်လွင်ပြီး modern ဖြစ်သော Design များကြောင့် သင့်ရဲ့ Investment တွေက ပိုပြီးတန်ဖိုးတက်လာမှာပဲဖြစ်ပါတယ်။

သင်ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးရွေးချယ်မှုနှင့် Developer များအကြောင်း ဆက်လက်မေးမြန်းလိုပါက အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

Contact Us - Millennium Residence