Why Myanmar People Are Investing in Bangkok Real Estate?

ယခုအချိန်တွင် မြန်မာနိုင်ငံသားများအနေဖြင့် ဘန်ကောက်မြို့ရှိ အိမ်ခြံမြေများကို ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေကြပြီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး အတက်အကျများ၊ စီးပွားရေးမသေချာမှုများ နှင့်အတူ ထိုင်းနိုင်ငံ၏ စိတ်ချရသော အိမ်ခြံမြေစျေးကွက်သည် မြန်မာလူမျိုးများအတွက် တည်ငြိမ်ပြီး မိသားစုများနှင့် ငွေကြေးများအတွက် လုံခြုံမှုရှိသော ရင်းနှီးမြှုပ်နှံမှု နေရာတစ်ခုအဖြစ် အသုံးချနိုင်လို့ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ရှိ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အတွက် အရေးကြီးသောအကြောင်းအရာများ

ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု

ထိုင်းနိုင်ငံ၏ တည်ငြိမ်သော စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံမှုအတွက် စိတ်ချလုံခြုံသော နေရာတစ်ခုဖြစ်စေပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အတွင်း စီးပွားရေးနှင့် နိုင်ငံရေး အတက်အကျများကြောင့် တိုင်းပြည်အတွင်း သွားလာမှုနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံရန် မလွယ်ကူတော့သည့်အတွက် မြန်မာနိုင်ငံသားများစွာသည် ဘန်ကောက်မြို့ကို သွားလာခြင်းများ လုပ်လာတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများ၏ ဘန်ကောက်မြို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်နေသည်မှာလည်း အသေချာပဲ ဖြစ်ပါတယ်။

မြင့်မားသော အငှားနှုန်းနှင့် အမြတ်အစွန်း

ဘန်ကောက်မြို့ရှိ အိမ်ခြံမြေများတွင် Rental Yield (အငှားအမြတ်နှုန်း) ၄% မှ ၆% အထိရှိပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်အစွန်းများ ရရှိစေပါတယ်။ အထူးသဖြင့် BTS/MRT ရထားလိုင်းနီးသော၊ ကျောင်းနီးစျေးနီးသော အရောင်းစျေးကွက်များမှာ အမြတ်အစွန်းအများကြီး ရရှိစေတာဖြစ်ပါတယ်။

နိုင်ငံခြားသားများအတွက် ပိုင်ဆိုင်ခွင့်ဆိုင်ရာ တိကျမှု

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ အနေဖြင့် မြေရှင်စနစ်ဖြင့် မြေသိမ်းမပိုင်နိုင်သော်လည်း ကွန်ဒို အနက် ၄၉% အထိ ပိုင်ဆိုင်ခွင့် ရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံသားများအနေဖြင့် ဘန်ကောက်မြို့တွင် Condo များဝယ်ယူနည်းကို သိရှိနားလည်နိုင်နေရန်လိုအပ်ပါတယ်။

စျေးနှုန်းသင့်တင့်ပြီး တန်ဖိုးတက်နိုင်ခြေရှိမှု

ဘန်ကောက်မြို့ရှိ အိမ်ခြံမြေစျေးနှုန်းများသည် အခြားတောင်အာရှမြို့ကြီးများ (ဥပမာ: Singapore, Hong Kong) နှင့် ယှဉ်လျှင် သက်သာမှုရှိကာ ရင်းနှီးမြှုပ်နှံသူများအတွက် တန်ဖိုးတိုးတက်မှု ရရှိစေပါသည်။

မြန်မာနိုင်ငံသားများအတွက် စိတ်သက်သာမှု

ဘန်ကောက်မြို့သည် မြန်မာနိုင်ငံနှင့် နီးကပ်မှုကြောင့် သွားလာရ လွယ်ကူပြီး မိသားစုနှင့်အတူ တည်ငြိမ်မှုရှိစေရန် မိသားစုများ အများအပြား ရွေးချယ်နေကြသည်။ ဘန်ကောက်မြို့ကို မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှုတွေမှ တိမ်း‌‌ရှောင်နိုင်ရန် ရွေးချယ်လာကြတာပဲဖြစ်ပါတယ်။


ဘန်ကောက်မြို့တွင် ရင်းနှီးမြှုပ်နှံရမည့် နေရာများ

·        Sukhumvit: Luxury Condo များရှိပြီး Expat-Friendly ဖြစ်သောနေရာ။

·        Silom-Sathorn: Business Hub ဖြစ်ပြီး Rental Demand မြင့်သောနေရာ။

·        Rama 9: တိုးတက်မှုမြင့်မားနေသည့် နိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေး Hub။

နောက်ထပ်အသေးစိပ်ကိုတော့ နောက် article တွေမှာ ဆက်လက် sharing လုပ်ပေးသွားပါ့မယ်။

အထင်ကရ Developer များနှင့် ပရောဂျက်များ

Top Developer များ အကြောင်း အသေးစိပ်ကိုတော့ ဒီမှာ ဆက်လက်ဖတ်ရှု လို့ ရပါတယ်ရှင့်။

·        Sansiri Public Company Limited: The Monument Thonglor, XT Ekkamai

·        Pruksa Real Estate Public Company Limited: Plum Condo Bangyai Station

·        Supalai Public Company Limited: Supalai Icon Sathorn

·        AP (Thailand) Public Company Limited: Life Asoke Hype

 

Benefits of Investing in Bangkok Real Estate for Myanmar Nationals

·        တည်ငြိမ်မှု: နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုရှိသောစျေးကွက်။

·        အငှားအမြတ်: အမြတ်အစွန်းများအပြင် Capital Appreciation ရရှိခြင်း။

·        လုံခြုံမှု: မိသားစုနှင့်ပိုင်ဆိုင်မှုများ လုံခြုံစေခြင်း။

သင့်ရင်းနှီးမြှုပ်နှံမှုကို ဘန်ကောက်တွင် စတင်လိုက်ပါ ။ ဘန်ကောက်မြို့ရှိ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် မြန်မာနိုင်ငံသားများအတွက် စိတ်ချလုံခြုံပြီး အကျိုးအမြတ်များရရှိစေမည့် အခွင့်အလမ်းဖြစ်သည်။

·        သင့်ရင်းနှီးမြှုပ်နှံမှု စတင်ရန် Developer များနှင့် ဆက်သွယ်ပြီး သေချာစွာ စီစဉ်ရန် အတူတူ အခုပဲ စတင်လိုက်ပါ။

We are ready to assist you - အခုပဲ ဆက်သွယ်လိုက်ပါ။